29. ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။
30. ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။
31. အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။-
32. ထို့ကြောင့်အာရှာအမျိုးသားတို့သည်ယင်း ဒေသခံခါနာန်အမျိုးသားတို့နှင့်အတူ နေထိုင်ရကြ၏။
33. နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။
34. အာမောရိအမျိုးသားတို့သည်ဒန်အနွယ်ဝင် တို့အား တောင်ကုန်းဒေသသို့နှင်ထုတ်လိုက်ကြ ပြီးလျှင်ချိုင့်ဝှမ်းဒေသသို့ပြန်လာခွင့်မပြု ကြ။-
35. အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။
36. သေလမြို့၏မြောက်ဘက်တွင်ဧဒုံပြည်နယ် နိမိတ်သည် အကရဗ္ဗိမ်တောင်ကြားလမ်းကို ဖြတ်၍သွားသတည်း။