သူ​ကြီး 1:29-33 Common Language Bible (BCL)

29. ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​သည်​လည်း ဂေ​ဇာ​မြို့​တွင် နေ​ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​နှင် မ​ထုတ်​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက်​လက်​နေ ထိုင်​ကြ​၏။

30. ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။

31. အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။-

32. ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။

33. န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။

သူ​ကြီး 1