သူ​ကြီး 1:25-28 Common Language Bible (BCL)

25. ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-

26. ထို​သူ​သည်​ဟိတ္တိ​ပြည်​သို့​သွား​ပြီး​လျှင် မြို့ တစ်​မြို့​ကို​တည်​ထောင်​ကာ ထို​မြို့​ကို​လု​ဇ​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​သ​ဖြင့် ထို​မြို့​သည်​ယ​နေ့ တိုင်​အောင်​လု​ဇ​မြို့​ဟူ​၍​နာ​မည်​တွင်​လျက် ရှိ​သ​တည်း။

27. မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။-

28. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပို​၍​အင်​အား တောင့်​တင်း​လာ​သော​အ​ခါ ခါ​နာန်​အ​မျိုး​သား တို့​အား​ချွေး​တပ်​ဆွဲ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ အား​နှင်​ထုတ်​ခြင်း​ကို​မူ​မ​ပြု​ကြ။

သူ​ကြီး 1