3. ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
4. ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။-
5. ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
6. သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။-
7. အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
8. ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
9. ထိုနောက်တောင်ကုန်းဒေသ၌လည်းကောင်း၊ တောင် ခြေရင်းဒေသနှင့်တောင်ဘက်သွေ့ခြောက်သည့် ဒေသ၌လည်းကောင်းနေထိုင်ကြသောခါနာန် ပြည်သားတို့အားသွားရောက်တိုက်ခိုက်ကြ၏။-
22-23. ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-
24. မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကိုမြင် ကြ၏။ သူတို့ကထိုသူအား``မြို့ထဲသို့ဝင်ရန် ငါတို့အားလမ်းပြမည်ဆိုလျှင်သင့်ကိုငါ တို့အဘယ်သို့မျှအန္တရာယ်ပြုမည်မဟုတ် ပါ'' ဟုပြောကြ၏။-
25. ထိုသူကလည်းသူတို့အားလမ်းပြသဖြင့် ဧဖရိမ်အမျိုးသားနှင့်မနာရှေအမျိုး သားတို့သည် ထိုသူနှင့်သူ၏အိမ်ထောင်စု သားများမှအပအခြားမြို့သူမြို့သား ရှိသမျှကိုသတ်ဖြတ်ကြလေသည်။-
26. ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။
27. မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။-
28. ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
29. ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။
30. ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။
31. အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။-
32. ထို့ကြောင့်အာရှာအမျိုးသားတို့သည်ယင်း ဒေသခံခါနာန်အမျိုးသားတို့နှင့်အတူ နေထိုင်ရကြ၏။
33. နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။
34. အာမောရိအမျိုးသားတို့သည်ဒန်အနွယ်ဝင် တို့အား တောင်ကုန်းဒေသသို့နှင်ထုတ်လိုက်ကြ ပြီးလျှင်ချိုင့်ဝှမ်းဒေသသို့ပြန်လာခွင့်မပြု ကြ။-
35. အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။
36. သေလမြို့၏မြောက်ဘက်တွင်ဧဒုံပြည်နယ် နိမိတ်သည် အကရဗ္ဗိမ်တောင်ကြားလမ်းကို ဖြတ်၍သွားသတည်း။