17. ယုဒအနွယ်ဝင်တို့သည်ရှိမောင်အနွယ်ဝင် တို့နှင့်အတူလိုက်၍ ဇေဖတ်မြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့အားတိုက်ခိုက် နှိမ်နင်းလိုက်ကြ၏။ သူတို့သည်ထိုမြို့ကို ကျိန်ဆဲကာဖျက်ဆီးပစ်ပြီးနောက်ဟော်မာ နာမည်ဖြင့်သမုတ်ကြလေသည်။-
18-19. ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
20. မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-
21. ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
22-23. ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-
24. မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကိုမြင် ကြ၏။ သူတို့ကထိုသူအား``မြို့ထဲသို့ဝင်ရန် ငါတို့အားလမ်းပြမည်ဆိုလျှင်သင့်ကိုငါ တို့အဘယ်သို့မျှအန္တရာယ်ပြုမည်မဟုတ် ပါ'' ဟုပြောကြ၏။-
25. ထိုသူကလည်းသူတို့အားလမ်းပြသဖြင့် ဧဖရိမ်အမျိုးသားနှင့်မနာရှေအမျိုး သားတို့သည် ထိုသူနှင့်သူ၏အိမ်ထောင်စု သားများမှအပအခြားမြို့သူမြို့သား ရှိသမျှကိုသတ်ဖြတ်ကြလေသည်။-
26. ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။