1. ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
2. ထာဝရဘုရားက``ယုဒအနွယ်သည် ပထမသွားရောက်ရမည်။ ငါသည်ထိုပြည် ကိုသူတို့လက်သို့အပ်မည်'' ဟုမိန့်တော်မူ၏။
3. ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
4. ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။-
5. ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
6. သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။-
7. အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
8. ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
9. ထိုနောက်တောင်ကုန်းဒေသ၌လည်းကောင်း၊ တောင် ခြေရင်းဒေသနှင့်တောင်ဘက်သွေ့ခြောက်သည့် ဒေသ၌လည်းကောင်းနေထိုင်ကြသောခါနာန် ပြည်သားတို့အားသွားရောက်တိုက်ခိုက်ကြ၏။-
18-19. ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
22-23. ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-