သူ​ကြီး 1:1-5 Common Language Bible (BCL)

1. ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။

2. ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

3. ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-

4. ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။-

5. ထို​မြို့​တွင်​သူ​တို့​သည်​အ​ဒေါ​နိ​ဗေ​ဇက် မင်း​ကို​တွေ့​၍​သူ့​အား​တိုက်​ခိုက်​သဖြင့်၊-

18-19. ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား ကူ​မ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ ကို​သိမ်း​ပိုက်​နိုင်​ကြ​၏။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ အာ​ရှ ကေ​လုန်​မြို့၊ ဧ​ကြုံ​မြို့​နှင့်​ထို​မြို့​များ​၏​အ​နီး​ရှိ နယ်​ပယ်​များ​ကို​မူ​မ​သိမ်း​ပိုက်​နိုင်​ကြ​ချေ။ ပင် လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သော ဤ​သူ​တို့ တွင်​သံ​ရ​ထား​များ​ရှိ​သ​ဖြင့်​ယု​ဒ​အ​မျိုး သား​တို့​သည်​သူ​တို့​အား​နှင်​ထုတ်​ခြင်း​ငှာ မ​စွမ်း​ကြ။-

22-23. ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင် တို့​သည်​ဗေ​သ​လ​မြို့​ကို​တိုက်​ခိုက်​ရန်​သွား ရောက်​ကြ​၏။ ထို​စဉ်​အ​ခါ​က​ထို​မြို့​သည် လု​ဇ​မြို့​ဟု​အ​မည်​တွင်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​ကူ​ညီ​မ​စ​တော် မူ​၏။ မြို့​တွင်း​သို့​သူ​တို့​စေ​လွှတ်​လိုက်​သော သူ​လျှို​တို့​သည်၊-

သူ​ကြီး 1