သုတ္တံကျမ်း။ 4:8-16 Common Language Bible (BCL)

8. သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။

9. သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။

10. ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။

11. ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။

12. ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။

13. ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။

14. အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။

15. သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။

16. သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။

သုတ္တံကျမ်း။ 4