1. သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
2. မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
3. မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
4. နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
5. တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
6. မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
7. မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
8. ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
9. အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
10. ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။