21. ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။
22. တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။
23. လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
24. ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
25. မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။
26. မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
27. မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
28. ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
29. ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
30. မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။