19. သို့ရာတွင်နွားနှင့်သိုး၏ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆီ၊ အဆီပိုင်းများ၊ ကျောက် ကပ်များနှင့်အသည်းမှအကောင်းဆုံးအပိုင်း တို့ကို၊-
20. အာရုန်သည်နွားနှင့်သိုးတို့၏ရင်ဒူးများ အပေါ်တွင် အဆီပိုင်းများကိုယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်၏။-
21. သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
22. အာရုန်သည်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာ ယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်သည့် အမှုကိစ္စအားလုံးကိုဆောင်ရွက်ပြီးစီး သောအခါ မိမိ၏လက်များကိုမြှောက် လျက်လူတို့အားကောင်းချီးပေးပြီးလျှင် ယဇ်ပလ္လင်ပေါ်မှဆင်းလာလေသည်။-
23. မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်ကြ၏။ ပြန်၍ ထွက်လာကြသောအခါ သူတို့သည်လူတို့ ကိုကောင်းချီးပေးလေသည်။ ထိုအခါလူ အပေါင်းတို့သည် ထာဝရဘုရား၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ရကြ၏။-
24. ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။