ဝတ်​ပြု 9:18-24 Common Language Bible (BCL)

18. သူ​သည်​လူ​များ​အ​တွက်​မိတ်​သ​ဟာ​ယ​ယဇ် ဖြစ်​သော နွား​ထီး​နှင့်​သိုး​ထီး​ကို​လည်း​သတ် လေ​သည်။ သူ​၏​သား​တို့​သည်​သူ့​ထံ​သို့​သွေး အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ် ပလ္လင်​လေး​ဘက်​ပေါ်​သို့​သွေး​ကို​ပက်​ဖျန်း သည်။-

19. သို့​ရာ​တွင်​နွား​နှင့်​သိုး​၏​ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ အ​ဆီ​ပိုင်း​များ၊ ကျောက် ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း တို့​ကို၊-

20. အာ​ရုန်​သည်​နွား​နှင့်​သိုး​တို့​၏​ရင်​ဒူး​များ အ​ပေါ်​တွင် အ​ဆီ​ပိုင်း​များ​ကို​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​၏။-

21. သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။

22. အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-

23. မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​ကြ​၏။ ပြန်​၍ ထွက်​လာ​ကြ​သော​အ​ခါ သူ​တို့​သည်​လူ​တို့ ကို​ကောင်း​ချီး​ပေး​လေ​သည်။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ​ကြ​၏။-

24. ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။

ဝတ်​ပြု 9