17. ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
18. သူသည်လူများအတွက်မိတ်သဟာယယဇ် ဖြစ်သော နွားထီးနှင့်သိုးထီးကိုလည်းသတ် လေသည်။ သူ၏သားတို့သည်သူ့ထံသို့သွေး အနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ် ပလ္လင်လေးဘက်ပေါ်သို့သွေးကိုပက်ဖျန်း သည်။-
19. သို့ရာတွင်နွားနှင့်သိုး၏ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆီ၊ အဆီပိုင်းများ၊ ကျောက် ကပ်များနှင့်အသည်းမှအကောင်းဆုံးအပိုင်း တို့ကို၊-
20. အာရုန်သည်နွားနှင့်သိုးတို့၏ရင်ဒူးများ အပေါ်တွင် အဆီပိုင်းများကိုယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်၏။-
21. သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။