14. ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။
15. ထို့နောက်သူသည်လူများအတွက် ပူဇော် သကာကိုဆက်သလေသည်။ သူသည်လူများ အတွက်အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်ကို ယူ၍သတ်ပြီးလျှင် မိမိအတွက်အပြစ်ဖြေ ရာယဇ်ကိုပူဇော်သည့်နည်းအတိုင်းဆိတ်ကို ပူဇော်လေသည်။-
16. မီးရှို့ရာယဇ်ကိုလည်းယူခဲ့ပြီးလျှင် ပြဋ္ဌာန်း ထားသောနည်းအတိုင်းမီးရှို့ပူဇော်လေသည်။-
17. ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)