1. သိက္ခာတင်မင်္ဂလာပြီးဆုံးသောနေ့၌ မောရှေ သည်အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်တို့အားဆင့်ခေါ် လေသည်။-
2. ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။-
3-4. ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။
5. ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။-
6. ထိုအခါမောရှေက``သင်တို့သည်ထာဝရ ဘုရား၏ဘုန်းအသရေတော်ကိုဖူးမြင်ရ စေခြင်းငှာ ကိုယ်တော်သည်သင်တို့အားဤ အမှုခပ်သိမ်းကိုဆောင်ရွက်ရန်မိန့်တော်မူ ပြီ'' ဟုဆိုလေသည်။-
7. ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။
8. ထိုအခါအာရုန်သည်ယဇ်ပလ္လင်သို့သွား၍ မိမိ၏အပြစ်ဖြေရာယဇ်ဖြစ်သောနွား ပျိုကိုသတ်လေသည်။-