1. သိက္ခာတင်မင်္ဂလာပြီးဆုံးသောနေ့၌ မောရှေ သည်အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်တို့အားဆင့်ခေါ် လေသည်။-
2. ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။-
5. ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။-
6. ထိုအခါမောရှေက``သင်တို့သည်ထာဝရ ဘုရား၏ဘုန်းအသရေတော်ကိုဖူးမြင်ရ စေခြင်းငှာ ကိုယ်တော်သည်သင်တို့အားဤ အမှုခပ်သိမ်းကိုဆောင်ရွက်ရန်မိန့်တော်မူ ပြီ'' ဟုဆိုလေသည်။-
7. ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။
8. ထိုအခါအာရုန်သည်ယဇ်ပလ္လင်သို့သွား၍ မိမိ၏အပြစ်ဖြေရာယဇ်ဖြစ်သောနွား ပျိုကိုသတ်လေသည်။-
9. သူ၏သားတို့သည်သူထံသို့သွေးအနည်း ငယ်ကိုယူလာသဖြင့် သူသည်သွေးထဲသို့ လက်ချောင်းကိုနှစ်၍ ယဇ်ပလ္လင်ထောင့်အတက် များကိုသွေးဖြင့်သုတ်လေသည်။ သူသည် ကျန်သောသွေးကိုယဇ်ပလ္လင်အောက်ခြေ တွင်သွန်းလောင်းလေသည်။-
10. ထိုနောက်သူသည်ထာဝရဘုရားက မောရှေ အားမိန့်မှာတော်မူသည့်အတိုင်း နွား၏အဆီ ကျောက်ကပ်များနှင့်အသည်းမှအကောင်းဆုံး အပိုင်းကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်လေ သည်။-
11. သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။
12. ထိုနောက်သူသည်မိမိအတွက် မီးရှို့ရာယဇ် ကောင်ကိုသတ်လေသည်။ သူ၏သားတို့ကသူ ထံသို့သွေးအနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ်ပလ္လင်လေးဘက်အပေါ်သို့ သွေးကိုပက်ဖျန်းလေသည်။-
13. တစ်ဖန်သူတို့သည်နွား၏ဦးခေါင်းနှင့်အခြား သောအသားတစ် အပိုင်းများကိုသူ့အားပေး အပ်သဖြင့် သူသည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်လေသည်။-
14. ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။