7. အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
8. မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။-
9. မီးဖိုတွင်ဖုတ်သောဘောဇဉ်သကာ၊ အိုးသို့ မဟုတ်သံအိုးကင်းပေါ်၌ကင်သောဘောဇဉ် သကာတို့သည်လည်း ပူဇော်သောယဇ် ပုရောဟိတ်ပိုင်ရာဖြစ်၏။-
10. သို့ရာတွင်မဖုတ်မကင်ရသေးသောဘောဇဉ် သကာသည် ဆီနှင့်ရောပြီးသည်ဖြစ်စေ၊ ဆီ နှင့်မရောရသေးသည်ဖြစ်စေ၊ အာရုန်၏ အမျိုးအနွယ်ယဇ်ပုရောဟိတ်အားလုံးတို့ နှင့်ဆိုင်သဖြင့် အညီအမျှဝေယူစေရ မည်။
11. ထာဝရဘုရားအားပူဇော်သောမိတ်သဟာ ယယဇ်နှင့်ဆိုင်ရာပြဋ္ဌာန်းချက်များသည် ကား အောက်ပါအတိုင်းဖြစ်သည်။-
12. တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။-
13. ထိုမုန့်များအပြင် တဆေးထည့်၍ဖုတ် သောမုန့်များကိုလည်းဆက်ကပ်ရမည်။-
14. မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။-