ဝတ်​ပြု 7:3-4-8 Common Language Bible (BCL)

3-4. ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။-

5. ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။-

6. ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။

7. အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

8. မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

32-33. မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။-

ဝတ်​ပြု 7