ဝတ်​ပြု 7:32-33-38 Common Language Bible (BCL)

5. ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။-

6. ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။

7. အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

8. မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

9. မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

32-33. မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။-

34. ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-

35. ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။-

36. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ဝေ​စု ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​လှူ​ရန် ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

37. ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-

38. တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။

ဝတ်​ပြု 7