ဝတ်​ပြု 7:27-30 Common Language Bible (BCL)

3-4. ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။-

27. ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။

28-29. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊-

30. မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။-

ဝတ်​ပြု 7