ဝတ်​ပြု 7:16-20 Common Language Bible (BCL)

16. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-

17. သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-

18. အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-

19. ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-

20. မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-

ဝတ်​ပြု 7