1. အပြစ်ဒဏ်ပြေရာပူဇော်သကာနှင့်ဆိုင် သောပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
2. ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင် များကိုသတ်သည့်နေရာတွင် အပြစ်ဒဏ်ပြေ ရာပူဇော်သကာအတွက်ယဇ်ကောင်ကိုသတ် ရမည်။ သွေးကိုယဇ်ပလ္လင်လေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
3-4. ယဇ်ပုရောဟိတ်သည်ဆူဖြိုးသောအမြီး ဝမ်းတွင်းသားမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းစသည်တို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်ပူဇော်ရမည်။-
5. ယဇ်ပုရောဟိတ်သည်အဆီရှိသမျှကိုယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤကား အပြစ်ဒဏ်ပြေရာထာဝရဘုရားအား ပူဇော်သကာဖြစ်သတည်း။-
6. ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။
7. အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
8. မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။-
9. မီးဖိုတွင်ဖုတ်သောဘောဇဉ်သကာ၊ အိုးသို့ မဟုတ်သံအိုးကင်းပေါ်၌ကင်သောဘောဇဉ် သကာတို့သည်လည်း ပူဇော်သောယဇ် ပုရောဟိတ်ပိုင်ရာဖြစ်၏။-
22-23. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အတွက် အောက်ပါပြဋ္ဌာန်းချက်များကို မောရှေအားဖြင့်ချမှတ်ပေးတော်မူ၏။ သိုး၊ ဆိတ်၊ နွားတို့၏အဆီကိုမစားရ။-
28-29. တစ်ဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့အတွက် အောက်ပါပြဋ္ဌာန်း ချက်များကိုမောရှေမှတစ်ဆင့်ချမှတ်ပေး တော်မူ၏။ ထာဝရဘုရားအားမိတ်သဟာယ ယဇ်ကိုပူဇော်သောသူသည် ယဇ်ကောင်၏ အစိတ်အပိုင်းအချို့ကိုထာဝရဘုရား အတွက်အထူးလှူဖွယ်အဖြစ်၊-
32-33. မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။-