ဝတ်​ပြု 6:16-17-23 Common Language Bible (BCL)

2. တစ်​စုံ​တစ်​ယောက်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တစ်​ဦး​က အပ်​နှံ​ထား​သော​အာ​မ​ခံ ငွေ​ကို​ပြန်​ပေး​ရန်​ငြင်း​ဆို​လျှင်​သော်​လည်း ကောင်း၊ သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​ခိုး ယူ​ခြင်း​သို့​မ​ဟုတ်​သူ့​အား​လိမ်​လည်​လှည့် ဖြား​ခြင်း​ပြု​လျှင်​လည်း​ကောင်း၊-

3. သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။-

6. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

7. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။

16-17. ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

18. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။

19-20. ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​၏​အ​ဆက် အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​သိက္ခာ​တင် ခြင်း​နှင့်​ပတ်​သက်​၍ အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကို​သိက္ခာ​တင်​သော​နေ့​၌ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​ညက်​နှစ် ပေါင် (နေ့​စဉ်​ပူ​ဇော်​သော​ဘော​ဇဉ်​အချင်​အ​တွယ် အ​တိုင်း) ကို​နံ​နက်​တစ်​ပေါင်​ည​နေ​တစ်​ပေါင် ပူ​ဇော်​ရ​မည်။-

21. မုန့်​ညက်​ကို​ဆီ​ရော​၍​သံ​အိုး​ကင်း​ပေါ်​တွင် ဖုတ်​ရ​မည်။ ထို​နောက်​မုန့်​ကို​ချေ​၍ ဘော​ဇဉ် သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-

22. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

23. ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။

ဝတ်​ပြု 6