13. ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမျှမီးမငြိမ်းစေရ။
14. ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
15. ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။-
16-17. ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
18. အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
19-20. ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
21. မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-