8. သူသည်ငှက်များကိုယဇ်ပုရောဟိတ်ထံသို့ ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်သည်အပြစ် ဖြေရာယဇ်ကိုဦးစွာပူဇော်ရမည်။ ယဇ်ပု ရောဟိတ်သည်ထိုငှက်ဦးခေါင်းကိုမပြတ် စေဘဲလည်ကိုလိမ်ချိုးရမည်။-
9. ထို့နောက်ငှက်သွေးအချို့ကိုပလ္လင်ဘေးဘက် သို့ပက်ဖျန်း၍ ကျန်သောသွေးကိုပလ္လင်ခြေ ရင်းသို့ညှစ်ချရမည်။ ဤသည်ကားအပြစ် ဖြေရာယဇ်ဖြစ်သတည်း။-
10. ဒုတိယငှက်ကိုပြဋ္ဌာန်းချက်များအရ မီးရှို့ပူဇော်ရမည်။ ထိုနည်းအားဖြင့်ယဇ် ပုရောဟိတ်သည် ထိုသူ၏အပြစ်ကိုဖြေရန် ယဇ်ပူဇော်ရမည်။ ထိုသူသည်လည်းအပြစ် လွတ်လိမ့်မည်။
11. သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
12. ယဇ်ပုရောဟိတ်သည်ထာဝရဘုရားထံ တော်သို့ မုန့်ညက်အကုန်အစင်ပူဇော်ဆက်သ သည့်အထိမ်းအမှတ်အဖြစ် မုန့်ညက်လက် တစ်ဆုပ်စာကိုယူ၍ပူဇော်သကာအဖြစ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသည် အပြစ်ဖြေရာယဇ်ဖြစ်သတည်း။-
13. ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။
14. ထာဝရဘုရားသည်မောရှေအား အောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။-
15. တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
16. သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။
17. တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။-
18. သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။-
19. ယင်းသည်ထာဝရဘုရားအားပြစ်မှား ကူးလွန်မိသည့်အတွက် အပြစ်ဒဏ်ပြေ ရာပူဇော်သကာဖြစ်သတည်း။