2. တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။
3. တစ်စုံတစ်ယောက်သောသူသည် လူ့ကိုယ်ခန္ဓာ၏ အညစ်အကြေးတစ်မျိုးမျိုးကို အမှတ်မထင် ထိကိုင်မိလျှင် ထိကိုင်မိကြောင်းသိလျှင်သိ ချင်း သူသည်အပြစ်ကူးလွန်ရာရောက်သည်။
4. တစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။
5. တစ်စုံတစ်ယောက်သောသူသည် အပြစ်ကူး လွန်လျှင် အပြစ်ကူးလွန်ကြောင်းဝန်ခံရ မည်။-
6. အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။
7. ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
8. သူသည်ငှက်များကိုယဇ်ပုရောဟိတ်ထံသို့ ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်သည်အပြစ် ဖြေရာယဇ်ကိုဦးစွာပူဇော်ရမည်။ ယဇ်ပု ရောဟိတ်သည်ထိုငှက်ဦးခေါင်းကိုမပြတ် စေဘဲလည်ကိုလိမ်ချိုးရမည်။-