ဝတ်​ပြု 5:17-19 Common Language Bible (BCL)

17. တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-

18. သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-

19. ယင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကူး​လွန်​မိ​သည့်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ဝတ်​ပြု 5