1. အောက်ဖော်ပြပါကူးလွန်မူများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန်လိုအပ်သည်။ တစ် စုံတစ်ယောက်သောသူအားတရားရုံးမှသက် သေခံရန်ဆင့်ခေါ်သည့်အခါ သူသည်မိမိ မြင်ရကြားရသည့်အတိုင်းထုတ်ဖော်ပြောဆို ခြင်းမပြုလျှင် အပြစ်ကူးလွန်ရာရောက်သည်။
2. တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။
3. တစ်စုံတစ်ယောက်သောသူသည် လူ့ကိုယ်ခန္ဓာ၏ အညစ်အကြေးတစ်မျိုးမျိုးကို အမှတ်မထင် ထိကိုင်မိလျှင် ထိကိုင်မိကြောင်းသိလျှင်သိ ချင်း သူသည်အပြစ်ကူးလွန်ရာရောက်သည်။