1-2. ဣသရေလအမျိုးသားတို့တွင်တစ်စုံ တစ်ယောက်သောသူသည် ပညတ်တော်များ ကိုအမှတ်မထင်ချိုးဖောက်၍အပြစ်ကူး လွန်ခဲ့သည်ရှိသော် အောက်ဖော်ပြပါပြဋ္ဌာန်း ချက်များကိုလိုက်နာရန် ထာဝရဘုရား သည်မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။
3. အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
4. သူသည်နွားကိုတဲတော်တံခါးဝထာဝ ဘုရားရှေ့တော်သို့ယူဆောင်ခဲ့ပြီးလျှင် နွား ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ ထာဝရ ဘုရားရှေ့တော်တွင် ထိုနေရာ၌နွားကိုသတ် ရမည်။-
5. ယဇ်ပုရောဟိတ်မင်းသည်နွား၏သွေးအနည်း ငယ်ကိုတဲတော်ထဲသို့ယူဆောင်သွားရမည်။-
6. သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
7. ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
8. ထိုနောက်သူသည်နွားအထီး၏ရှိသမျှ ဝမ်းတွင်းသားမှအဆီ၊-
9. ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်း မှအကောင်းဆုံးအပိုင်းကိုယူရမည်။-
10. ယဇ်ပုရောဟိတ်သည်မိတ်သဟာယယဇ်ပူဇော် ရာ၌ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်သကဲ့ သို့ ထိုနွားမှအဆီကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ပူဇော်ရမည်။-