14. ပြစ်မှားကြောင်းသိလျှင်သိချင်းနွားထီးငယ် ကိုအပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ကြရ မည်။ သူတို့သည်ထိုနွားကိုထာဝရဘုရား စံတော်မူရာတဲတော်သို့ယူဆောင်ခဲ့ရမည်။-
15. ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။-
16. ယဇ်ပုရောဟိတ်မင်းသည်နွားသွေးအနည်း ငယ်ကို တဲတော်ထဲသို့ယူဆောင်သွားပြီးလျှင်၊-
17. သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေး ကို ကန့်လန့်ကာရှေ့တွင်ခုနစ်ကြိမ်ဖျန်းရမည်။-
18. တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
19. ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-
20. သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
21. ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
22. အကယ်၍အုပ်ချုပ်သောမင်းသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
23. မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
24. ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။-
25. ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကို သွေးထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိ အတက်တို့တွင်သွေးသုတ်ရမည်။ ကျန်သော သွေးကိုယဇ်ပလ္လင်၏ခြေရင်း၌လောင်းချ ရမည်။-
26. ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
27. အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-