ဝတ်​ပြု 3:6-17 Common Language Bible (BCL)

6. သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။-

7. သိုး​ကို​ပူ​ဇော်​သူ​သည်၊

8. တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

11. တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။

12. ဆိတ်​ကို​ပူ​ဇော်​သူ​သည်။-

13. တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

16. ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ အ​ဆီ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ဆိုင်​၏။-

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

ဝတ်​ပြု 3