ဝတ်​ပြု 27:8-14 Common Language Bible (BCL)

8. က​တိ​သစ္စာ​ပြု​၍​မိ​မိ​ကိုယ်​မိ​မိ​ဆက်​ကပ် ပူ​ဇော်​သော​သူ​သည် သတ်​မှတ်​ထား​သော​ငွေ​ကို မ​ပေး​နိုင်​လျှင် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​ပေး​ဆောင်​နိုင်​စွမ်း​ရှိ​သည့်​အ​တိုင်း တန်​ဖိုး ငွေ​ကို​လျော့​၍​သတ်​မှတ်​ရ​မည်။

9. ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် သင့်​တော်​သည့် တိ​ရစ္ဆာန်​ကို​ဆက်​သ​မည်​ဟု​သစ္စာ​က​တိ​ပြု ထား​လျှင် ထို​သို့​သော​ယဇ်​ကောင်​သည်​သန့်​ရှင်း သည်​ဖြစ်​၍၊-

10. က​တိ​သစ္စာ​ပြု​သူ​သည် အ​ခြား​တိ​ရစ္ဆာန်​ကို အ​စား​ထိုး​၍​မ​ဆက်​သ​ရ။ သူ​သည်​အ​ခြား တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​ဆက်​သ​လျှင် ယဇ် ကောင်​နှစ်​ကောင်​စ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-

11. ဆက်​သ​ရန်​ကတိ​သစ္စာ​ပြု​ထား​သော​တိ​ရစ္ဆာန် သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် လျှင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​အပ်။ သူ​သည်​တိ​ရစ္ဆာန်​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

12. ယဇ်​ပု​ရော​ဟိတ်​သည်​တိ​ရစ္ဆာန်​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ်​ရ​မည်။ ထို​သို့​သတ်​မှတ် သော​တန်​ဖိုး​သည်​အ​တည်​ဖြစ်​စေ​ရ​မည်။-

13. ထို​သူ​သည်​တိ​ရစ္ဆာန်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။

14. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-

ဝတ်​ပြု 27