ဝတ်​ပြု 27:27-34 Common Language Bible (BCL)

3-7. ကျပ်​စံ​တော်​အ​ရ​ပေး​ဆောင်​၍ မိ​မိ​ကိုယ်​ကို ရွေး​ယူ​နိုင်​သည်။-အ​သက်​နှစ်​ဆယ်​မှ​ခြောက်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​ငါး​ဆယ်​ကျပ်-မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​သုံး​ဆယ်​ကျပ်-အ​သက်​ငါး​နှစ်​မှ​နှစ်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​နှစ်​ဆယ်​ကျပ်-မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​တစ်​ဆယ်​ကျပ်-အ​သက်​ငါး​နှစ်​အောက်​ယောကျာ်း​က​လေး​ဖြစ်​လျှင် ငွေ​သား​ငါး​ကျပ်-အ​သက်​ငါး​နှစ်​အောက်​မိန်း​က​လေး​ဖြစ်​လျှင် ငွေ​သား​သုံး​ကျပ်-အ​သက်​ခြောက်​ဆယ်​ကျော်​ယောကျာ်း​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ့်​ငါး​ကျပ်-အ​သက်​ခြောက်​ဆယ်​ကျော်​မိန်း​မ​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ်​ကျပ်

27. သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။

28. ထာ​ဝ​ရ​ဘု​ရား​အား အ​ပြီး​အ​ပိုင်​လုံး​ဝ ပူ​ဇော်​ဆက်​သ​ထား​သော​လူ​ကို​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ကို​ဖြစ်​စေ၊ မြေ​ယာ​ကို​ဖြစ်​စေ မ​ရောင်း​မ​ဝယ်​ရ။ ထို​ကဲ့​သို့​ပူ​ဇော်​ဆက်​သ ထား​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ ပိုင်​၏။-

29. ယင်း​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် ဆက်​သ​ထား​သော​လူ​ကို​ပင်​ပြန်​၍​မ​ရွေး ယူ​ရ။ သူ့​ကို​အ​ဆုံး​စီ​ရင်​ရ​မည်။

30. မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-

31. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​အ​သီး အ​နှံ​ကို​ပြန်​၍​ဝယ်​ယူ​လို​လျှင် စံ​ချိန်​တော် အ​ရ​တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ဝယ်​ယူ​ရ​မည်။-

32. မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-

33. ပိုင်​ရှင်​သည်​ညံ့​သော​တိ​ရစ္ဆာန်​များ​ကို ထာ​ဝ​ရ ဘု​ရား​အ​တွက်​ရွေး​မိ​စေ​ရန်​မ​စီ​စဉ်​ရ။ ရွေး ပြီး​သော​တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​၍​မ​လဲ​လှယ် ရ။ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​အ​ခြား​တစ်​ကောင် နှင့်​အ​စား​ထိုး​လဲ​လှယ်​လျှင် နှစ်​ကောင်​စ​လုံး သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​တိ​ရစ္ဆာန်​များ​ကို​မ​ရွေး​ယူ​နိုင်။

34. ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။

ဝတ်​ပြု 27