3-7. ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။-အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ်-မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ်-အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ်-မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ်-အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ်-အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ်-အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ်-အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
18. သူသည်မြေယာကိုပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ကုန်ဆုံးပြီးနောက် တစ်ချိန်ချိန်၌ပူဇော် ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ရှေ့လာမည့် ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန် ရှိနေသေးသောနှစ်အရေအတွက်အလိုက် တန်ဖိုးငွေကိုလျှော့၍သတ်မှတ်ရမည်။-
19. ထိုသူသည်မြေယာကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။-
20. သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။-
21. ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။
22. တစ်စုံတစ်ယောက်သောသူသည် မိမိယူထား သောလယ်မြေကိုထာဝရဘုရားအားပူဇော် ဆက်သလျှင်၊-
23. ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။-
24. ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
25. တန်ဖိုးငွေများကို ကျပ်ချိန်တော်အရသတ် မှတ်ရမည်။
26. နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
27. သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။
28. ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
29. ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။
30. မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
31. တစ်စုံတစ်ယောက်သောသူသည်ထိုအသီး အနှံကိုပြန်၍ဝယ်ယူလိုလျှင် စံချိန်တော် အရတန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ဝယ်ယူရမည်။-
32. မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-