ဝတ်​ပြု 27:12-30 Common Language Bible (BCL)

3-7. ကျပ်​စံ​တော်​အ​ရ​ပေး​ဆောင်​၍ မိ​မိ​ကိုယ်​ကို ရွေး​ယူ​နိုင်​သည်။-အ​သက်​နှစ်​ဆယ်​မှ​ခြောက်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​ငါး​ဆယ်​ကျပ်-မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​သုံး​ဆယ်​ကျပ်-အ​သက်​ငါး​နှစ်​မှ​နှစ်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​နှစ်​ဆယ်​ကျပ်-မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​တစ်​ဆယ်​ကျပ်-အ​သက်​ငါး​နှစ်​အောက်​ယောကျာ်း​က​လေး​ဖြစ်​လျှင် ငွေ​သား​ငါး​ကျပ်-အ​သက်​ငါး​နှစ်​အောက်​မိန်း​က​လေး​ဖြစ်​လျှင် ငွေ​သား​သုံး​ကျပ်-အ​သက်​ခြောက်​ဆယ်​ကျော်​ယောကျာ်း​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ့်​ငါး​ကျပ်-အ​သက်​ခြောက်​ဆယ်​ကျော်​မိန်း​မ​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ်​ကျပ်

12. ယဇ်​ပု​ရော​ဟိတ်​သည်​တိ​ရစ္ဆာန်​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ်​ရ​မည်။ ထို​သို့​သတ်​မှတ် သော​တန်​ဖိုး​သည်​အ​တည်​ဖြစ်​စေ​ရ​မည်။-

13. ထို​သူ​သည်​တိ​ရစ္ဆာန်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။

14. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-

15. မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သော​သူ​သည် အိမ်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း​၍​ပေး​ရ မည်။

16. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​မြေ​ယာ တစ်​စိတ်​တစ်​ဒေ​သ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ ဇော်​ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​မြေ ကွက်​တွင်​စိုက်​ပျိုး​နိုင်​သော မျိုး​စေ့​အ​နည်း​အ​များ အ​လိုက်​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။ မု​ယော​စ​ပါး မျိုး​စေ့​တစ်​တင်း​စိုက်​ရ​သော​မြေ​ကွက်​ကို ငွေ သား​တစ်​ဆယ်​နှုန်း​ဖြင့်​တန်​ဖိုး​ဖြတ်​ရ​မည်။-

17. ထို​သူ​သည်​မိ​မိ​၏​မြေ​ယာ​ကို ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကုန်​ဆုံး​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် တန်​ဖိုး​အ​ပြည့်​ပေး​ဆောင်​ရ မည်။-

18. သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။-

19. ထို​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။-

20. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မြေ​ယာ ကို​ပြန်​၍ ဦး​စွာ​မ​ဝယ်​ယူ​ဘဲ​လူ​တစ်​ဦး​ထံ ရောင်း​ချ​ခဲ့​လျှင်​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ် ယူ​ခွင့်​မ​ရှိ​စေ​ရ။-

21. ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။

22. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​ယူ​ထား သော​လယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​လျှင်၊-

23. ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ​သေး သော​နှစ်​များ​ကို​ရေ​တွက်​၍ လယ်​မြေ​၏​တန်​ဖိုး ကို​သတ်​မှတ်​ရ​မည်။ ထို​သူ​သည်​လယ်​မြေ​၏ တန်​ဖိုး​ကို ထို​နေ့​၌​ပင်​ပေး​ဆောင်​ရ​မည်။ ထို ငွေ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်။-

24. ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကျ​ရောက် သည့်​အ​ခါ ထို​လယ်​မြေ​ကို​မူ​လ​ပိုင်​ရှင်​သို့ မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ်​များ​လက်​သို့ ပြန်​လည်​ပေး​အပ်​ရ​မည်။

25. တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။

26. နွား​ဦး​ပေါက်​ဖြစ်​စေ၊ သိုး​ဦး​ပေါက်​ဖြစ်​စေ၊ ဆိတ်​ဦး​ပေါက်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သာ​ဆိုင်​သော​ကြောင့် မည်​သူ​မျှ​ယင်း​တို့​ကို စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​ရ။-

27. သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။

28. ထာ​ဝ​ရ​ဘု​ရား​အား အ​ပြီး​အ​ပိုင်​လုံး​ဝ ပူ​ဇော်​ဆက်​သ​ထား​သော​လူ​ကို​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ကို​ဖြစ်​စေ၊ မြေ​ယာ​ကို​ဖြစ်​စေ မ​ရောင်း​မ​ဝယ်​ရ။ ထို​ကဲ့​သို့​ပူ​ဇော်​ဆက်​သ ထား​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ ပိုင်​၏။-

29. ယင်း​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် ဆက်​သ​ထား​သော​လူ​ကို​ပင်​ပြန်​၍​မ​ရွေး ယူ​ရ။ သူ့​ကို​အ​ဆုံး​စီ​ရင်​ရ​မည်။

30. မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-

ဝတ်​ပြု 27