12. ယဇ်ပုရောဟိတ်သည်တိရစ္ဆာန်ကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ်ရမည်။ ထိုသို့သတ်မှတ် သောတန်ဖိုးသည်အတည်ဖြစ်စေရမည်။-
13. ထိုသူသည်တိရစ္ဆာန်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။
14. တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
15. မိမိအိမ်ကိုပူဇော်ဆက်သသောသူသည် အိမ်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရ မည်။
16. တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
17. ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-
18. သူသည်မြေယာကိုပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ကုန်ဆုံးပြီးနောက် တစ်ချိန်ချိန်၌ပူဇော် ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ရှေ့လာမည့် ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန် ရှိနေသေးသောနှစ်အရေအတွက်အလိုက် တန်ဖိုးငွေကိုလျှော့၍သတ်မှတ်ရမည်။-
19. ထိုသူသည်မြေယာကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။-
20. သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။-