ဝတ်​ပြု 26:8-11 Common Language Bible (BCL)

8. သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။-

9. ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။-

10. သင်​တို့​၏​သီး​နှံ​အ​ထွက်​တိုး​သ​ဖြင့် တစ်​နှစ် စာ​အ​တွက်​ဖူ​လုံ​ရုံ​မျှ​မ​က​သင်​တို့​သည် စ​ပါး​သစ်​ကို​သို​လှောင်​နိုင်​ရန်​လက်​ကျန် စ​ပါး​ဟောင်း​ကို​ပင်​စွန့်​ပစ်​ရ​လိမ့်​မည်။-

11. ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-

ဝတ်​ပြု 26