ဝတ်​ပြု 26:44-45 Common Language Bible (BCL)

44. သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

45. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော်​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခြင်း​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​အား ငါ​၏​တန်​ခိုး​ကို​ဖော်​ပြ​စဉ်​အ​ခါ​က သူ​တို့ ၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​မည်'' ဟု မိန့်​တော် မူ​၏။

ဝတ်​ပြု 26