37. လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
38. သင်တို့သည်နိုင်ငံရပ်ခြားတွင်သေကျေ ပျက်စီးရလိမ့်မည်။-
39. ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
40. ``သို့ရာတွင်သင်တို့၏အဆက်အနွယ်များ သည် သူတို့၏အပြစ်နှင့်ဘိုးဘေးတို့၏အပြစ် များကိုဝန်ချတောင်းပန်ကြလိမ့်မည်။ သူတို့ ၏ဘိုးဘေးများသည်ငါ့ကိုဆန့်ကျင်၍ပုန် ကန်သဖြင့်၊-
41. ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-