32. ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
33. ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
34-35. ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။
36. ``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
37. လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
38. သင်တို့သည်နိုင်ငံရပ်ခြားတွင်သေကျေ ပျက်စီးရလိမ့်မည်။-
39. ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
40. ``သို့ရာတွင်သင်တို့၏အဆက်အနွယ်များ သည် သူတို့၏အပြစ်နှင့်ဘိုးဘေးတို့၏အပြစ် များကိုဝန်ချတောင်းပန်ကြလိမ့်မည်။ သူတို့ ၏ဘိုးဘေးများသည်ငါ့ကိုဆန့်ကျင်၍ပုန် ကန်သဖြင့်၊-
41. ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-