10. သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
11. ငါသည်တဲတော်တွင်ကိန်းဝပ်သဖြင့် သင်တို့ နှင့်အတူရှိနေမည်။ သင်တို့ကိုမည်သည့်အခါ မျှစွန့်ပစ်တော်မမူ။-
12. ငါသည်သင်တို့နှင့်အတူရှိမည်။ ငါသည်သင် တို့၏ဘုရားသခင်ဖြစ်၍ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
13. ငါသည်သင်တို့အားကျွန်ဘဝမှလွတ်မြောက် စေရန် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။ ငါသည်သင်တို့၏ထမ်းပိုးကိုချိုး၍သင် တို့အားမတ်မတ်လျှောက်စေပြီ'' ဟုမိန့်တော် မူ၏။