1. ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
2. ဘာသာရေးပွဲတော်များကိုကျင်းပ၍ ငါ့ အားကိုးကွယ်ရာဌာနတော်ကိုရိုသေရ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ၏။''
3. ``သင်တို့သည်ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါ၏အမိန့်များကိုနာခံလျှင်၊-
4. ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-
34-35. ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။