42. ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
43. သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
44. စေခိုင်းရန်ကျွန်လိုလျှင်သင်တို့၏ပတ်ဝန်း ကျင်နိုင်ငံများမှကျွန်များကိုဝယ်ယူလော့။-
45. သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။-
46. သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။
47. အကယ်၍ဆင်းရဲသောဣသရေလအမျိုး သားတစ်ဦးသည် သင်တို့နှင့်အတူနေထိုင် သည့်လူမျိုးခြားတစ်ဦးသို့မဟုတ်သူ၏ မိသားစုတစ်ဦးထံတွင် မိမိကိုယ်ကိုကျွန် အဖြစ်ရောင်းခဲ့သည်ရှိသော်၊-
48. သူ့ကိုပြန်၍ဝယ်ယူနိုင်ခွင့်ရှိသည်။ သူ၏ညီ အစ်ကိုတစ်ဦးကသော်လည်းကောင်း၊-
49. ဦးကြီးဦးလေးကသော်လည်းကောင်း၊ ညီအစ် ကိုဝမ်းကွဲကသော်လည်းကောင်း၊ နီးစပ်သူဆွေမျိုး တစ်ဦးကသော်လည်းကောင်းသူ့အားပြန်၍ဝယ် ယူနိုင်သည်။ သို့တည်းမဟုတ်သူကိုယ်တိုင်ငွေ ကြေးတတ်နိုင်လျှင်မိမိကိုယ်ကိုဝယ်ယူနိုင် သည်။-
50. မိမိအားဝယ်ယူသူနှင့်ညှိနှိုင်းပြီးလျှင် မိမိကိုယ်ကိုမိမိရောင်းသည့်နှစ်မှအစ ပြု၍ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်အထိ မိမိရမည့်သူရင်းငှားခ အပေါ်မူတည်၍အဖိုးအခကိုသတ်မှတ် ရမည်။-
51-53. မိမိအားတစ်နှစ်ပြီးတစ်နှစ်ခန့်သည့်အနေ ဖြင့် ကျန်သေးသောနှစ်များကိုတွက်၍ မိမိကိုယ် ကိုရောင်းသည့်တန်ဖိုး၏တစ်စိတ်တစ်ဒေသ ကိုပြန်အမ်းရမည်။ သူ့သခင်သည်သူ့အပေါ် ညှာတာသောသဘောထားရှိရမည်။-
54. သူသည်နည်းတစ်နည်းနည်းဖြင့် ကျွန်ဘဝမှ မလွတ်မြောက်ခဲ့လျှင် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ သူနှင့်သူ၏သားသမီး တို့လွတ်မြောက်ခွင့်ရရှိစေရမည်။-