4. သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။-
5. မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
6. ထိုနှစ်အတွင်းမစိုက်မပျိုးဘဲမြေမှ ထွက်သောအသီးအနှံရှိသမျှကို သင် တို့နှင့်တကွသင်တို့၏ကျေးကျွန်၊ လူငှား၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား၊-
51-53. မိမိအားတစ်နှစ်ပြီးတစ်နှစ်ခန့်သည့်အနေ ဖြင့် ကျန်သေးသောနှစ်များကိုတွက်၍ မိမိကိုယ် ကိုရောင်းသည့်တန်ဖိုး၏တစ်စိတ်တစ်ဒေသ ကိုပြန်အမ်းရမည်။ သူ့သခင်သည်သူ့အပေါ် ညှာတာသောသဘောထားရှိရမည်။-