38. ဤကားသင်တို့အားခါနာန်ပြည်ကိုပေးရန် နှင့် သင်တို့၏ဘုရားဖြစ်ရန် သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်လာသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ဖြစ်၏။
39. သင်၏အိမ်နီးချင်းအမျိုးသားချင်းသည် အလွန်ဆင်းရဲနွမ်းပါး၍သင့်ထံတွင် မိမိ ကိုယ်ကိုကျွန်အဖြစ်ဖြင့်ရောင်းလျှင် သူ့ အားကျွန်ကဲ့သို့မစေခိုင်းရ။-
40. သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
41. ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။-