ဝတ်​ပြု 25:36-47 Common Language Bible (BCL)

36. ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။-

37. သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။-

38. ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။

39. သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-

40. သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။-

41. ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။-

42. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-

43. သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။-

44. စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။-

45. သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-

46. သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။

47. အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-

ဝတ်​ပြု 25