ဝတ်​ပြု 25:34-37 Common Language Bible (BCL)

34. သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။

35. သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-

36. ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။-

37. သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။-

ဝတ်​ပြု 25