ဝတ်​ပြု 25:3-14 Common Language Bible (BCL)

3. သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-

4. သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။-

5. မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။-

6. ထို​နှစ်​အ​တွင်း​မ​စိုက်​မ​ပျိုး​ဘဲ​မြေ​မှ ထွက်​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို သင် တို့​နှင့်​တ​ကွ​သင်​တို့​၏​ကျေး​ကျွန်၊ လူ​ငှား၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား၊-

7. တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​အ​ရိုင်း​တို့​သည်​စား သုံး​နိုင်​ကြ​သည်။

8. ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။-

9. ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။-

10. ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-

11. သင်​တို့​သည်​လယ်​များ​ကို​မ​စိုက်​မ​ပျိုး​ရ။ အ​လို​အ​လျောက်​သီး​သော​အ​သီး​အ​နှံ များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။-

12. ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။

13. အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-

14. သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-

ဝတ်​ပြု 25