29. မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။-
30. သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
31. မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။-
32. လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
33. လေဝိအနွယ်ဝင်တစ်ဦးသည်မိမိနေထိုင် ရာမြို့တွင် မိမိ၏အိမ်ကိုရောင်းပြီးနောက် ပြန်၍မဝယ်လျှင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်၌ထိုအိမ်ကိုသူ့အားပြန်ပေး ရမည်။ အဘယ်ကြောင့်ဆိုသော်ဣသရေလ နိုင်ငံတွင် လေဝိမြို့များကိုလေဝိအနွယ် ဝင်တို့အမြဲပိုင်သောကြောင့်ဖြစ်သည်။-