21. ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
22. သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
23. မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
24. မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-
25. ဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။-
26. ထိုမြေကိုပြန်၍ဝယ်ယူမည့်ဆွေမျိုးသား ချင်းမရှိသော် ပိုင်ရှင်သည်နောင်အခါ၌ ငွေ ကြေးတတ်နိုင်သောအခါကိုယ်တိုင်မြေကို ပြန်၍ဝယ်ယူနိုင်စေရမည်။-
27. ထိုအခါ၌သူသည်ရှေ့လာမည့်ပြန်လည် ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေ သေးသောနှစ်များကိုတွက်ချက်၍ပေးသင့် ပေးထိုက်သောတန်ဖိုးကိုပေး၍ဝယ်ရမည်။ မည်သို့ပင်ဖြစ်စေသူသည်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ မိမိပိုင်မြေကို ပြန်လည်ရရှိမည်။-
28. အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
29. မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။-
30. သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
31. မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။-
32. လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
33. လေဝိအနွယ်ဝင်တစ်ဦးသည်မိမိနေထိုင် ရာမြို့တွင် မိမိ၏အိမ်ကိုရောင်းပြီးနောက် ပြန်၍မဝယ်လျှင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်၌ထိုအိမ်ကိုသူ့အားပြန်ပေး ရမည်။ အဘယ်ကြောင့်ဆိုသော်ဣသရေလ နိုင်ငံတွင် လေဝိမြို့များကိုလေဝိအနွယ် ဝင်တို့အမြဲပိုင်သောကြောင့်ဖြစ်သည်။-
34. သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
35. သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။-
36. ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-